ထိလို့ မှမသိ
စိတ်တွေရိသဲ့သဲ့လုပ်နေပုံများက
ငါရဲ့တတ်မက်ခြင်းတွေကိုငြိမ်သက်စေတယ်
ငါ့ကိုငါခြောင်းမျောင်းနေပုံက
ဓားသုံးဆင်းကကြိုးလဲပါတယ်
နေမင်းတစ်ရာကကြိုး
သေမင်းတစ်ရာခိုးနမ်းလို့ ခိုးနမ်း
ဒါကငါ့စိတ်တွေဖောက်ပြန်နေတာ
အခန်းတစ်ခုထဲကိုပို့ ထားလိုက်ချင်ပီ
စိတ်နဲ့ ထွင်းထုသောကုသိုလ် အကုသိုလ်
စိတ်နဲ့ လှလှချေဖြက်နေပုံက
ငရဲခန်းဆီမှ...ခေတ်သစ်မြောက်ဥက္ကလာပမှ...ခြောက်ကွေ့ မှ ရွှေဂုံတိုင်ဆီမှ
စိတ်များနဲ့ တိုင်ထူ မိုး ကာ ပြီး
သိက္ခာ...သမာဓိ...ထိ...သိ..မှုများအား
ဒုက္ခ၏ အတိမ်အနက်အဆိပ်ခွက်ပေါ်
အိပ်စက်
စိတ်ဒဏ်ရာ စိတ်အကြောင်း စိတ်၏ချဉ်ခြင်း
ညို့ ငင်မိသောစိတ်သီချင်းမှ
စိတ်အသစ်တစ်ခုမွေးဖွားပါတော့
ထစ်ချုန်းမိုး
(ချစ်ခြင်းအားဖြင့်)