ထိလို့ မှမသိ
စိတ်တွေရိသဲ့သဲ့လုပ်နေပုံများက
ငါရဲ့တတ်မက်ခြင်းတွေကိုငြိမ်သက်စေတယ်
ငါ့ကိုငါခြောင်းမျောင်းနေပုံက
ဓားသုံးဆင်းကကြိုးလဲပါတယ်
နေမင်းတစ်ရာကကြိုး
သေမင်းတစ်ရာခိုးနမ်းလို့ ခိုးနမ်း
ဒါကငါ့စိတ်တွေဖောက်ပြန်နေတာ
အခန်းတစ်ခုထဲကိုပို့ ထားလိုက်ချင်ပီ
စိတ်နဲ့ ထွင်းထုသောကုသိုလ် အကုသိုလ်
စိတ်နဲ့ လှလှချေဖြက်နေပုံက
ငရဲခန်းဆီမှ...ခေတ်သစ်မြောက်ဥက္ကလာပမှ...ခြောက်ကွေ့ မှ ရွှေဂုံတိုင်ဆီမှ
စိတ်များနဲ့ တိုင်ထူ မိုး ကာ ပြီး
သိက္ခာ...သမာဓိ...ထိ...သိ..မှုများအား
ဒုက္ခ၏ အတိမ်အနက်အဆိပ်ခွက်ပေါ်
အိပ်စက်
စိတ်ဒဏ်ရာ စိတ်အကြောင်း စိတ်၏ချဉ်ခြင်း
ညို့ ငင်မိသောစိတ်သီချင်းမှ
စိတ်အသစ်တစ်ခုမွေးဖွားပါတော့
ထစ်ချုန်းမိုး
(ချစ်ခြင်းအားဖြင့်)
Friday, June 18, 2010
Saturday, March 27, 2010
ပန်းတိုင်ကိုမျှားခြင်း
အရောင်တွေဝိုးတစ်ဝါး
မှောင်နေတဲ့ ညဥ့်နက်ထဲကကြယ်
ဘယ်ချိန်ကြွေမလဲ
ကုတင်ပေါ်ငုပ်တုပ်
အရူပ်ထုတ်တွေလုပ်တာများတော့
ငါ့ကိုငါပြန်ချဉ်စောနံတယ်
ကြယ်ရောင်လရောင်က
ညအမှောင်မှတေးဆိုတော့
ရေဒီယိုကသတင်း
နားထောင်ခဲ့ရတဲ့ အတင်းဖျင်းတွေ
နေ့ စဉ်တိုင်းရိုးအီ
တကယ်တော့မမျှားပဲမိနေတဲ့ ငါ့ကိုယ်
ကျောရိုးမဲ့ ခဲ့တဲ့ နေ့ ရက်တွေကိုတွေးလို့ 
ပန်းတိုင်ဆိုတာ
အရင်သွားတိုင်းမရောက်ဘူးဟေ့
မှောင်နေတဲ့ ညဥ့်နက်ထဲကကြယ်
ဘယ်ချိန်ကြွေမလဲ
ကုတင်ပေါ်ငုပ်တုပ်
အရူပ်ထုတ်တွေလုပ်တာများတော့
ငါ့ကိုငါပြန်ချဉ်စောနံတယ်
ကြယ်ရောင်လရောင်က
ညအမှောင်မှတေးဆိုတော့
ရေဒီယိုကသတင်း
နားထောင်ခဲ့ရတဲ့ အတင်းဖျင်းတွေ
နေ့ စဉ်တိုင်းရိုးအီ
တကယ်တော့မမျှားပဲမိနေတဲ့ ငါ့ကိုယ်
ကျောရိုးမဲ့ ခဲ့တဲ့ နေ့ ရက်တွေကိုတွေးလို့ 
ပန်းတိုင်ဆိုတာ
အရင်သွားတိုင်းမရောက်ဘူးဟေ့
Wednesday, February 24, 2010
?
ရေရာမူမရှိတဲ့ အတွေး
သေချာမူမရှိတဲ့...ဈေးနဲ့ အရောင်းဝယ်ဖြစ်ကြပြီဆိုပါဆို့ 
လေနှင်ရာကိုနှင်သွားတဲ့စိတ်က
ဟိုဗင်းနစ်ဆိုတဲ့မြို့ ကြီးကကိုပြန်မလာတော့ဘူး
လေယူလေသိမ်းအသစ်နဲ့ 
အိုဗားမားနဲ့ စကားပြောမယ်
ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းတစ်စေ့တစ်စောင်း
ဆာဟာရတွေအရင်လို အအေးပေါ့ သွားတဲ့ကြောင်း
အာဖရိကန်တွေအသားဖွေးတဲ့အကြောင်း
ကျမ္မာရေးကမကောင်းဘူး
ချစ်သူကခွဲခွာသွားတယ်
တစ်ချားလူဆိုငါ့လိုမျိုးမနေနိင်လောက်ပါဘူးဆိုတဲ့
အင်္ဂလိပ်လူပျိုကြီးတစ်ရောက်အကြောင်း
အခန်းလွတ်ထဲပျံဝဲရင်း...ဆိုင်ပိတ်ပါပြီဆိုတဲ့စကားလေးကြားမှ
မရောက်ခဲ့တဲ့ လင့်ပန်းခြံ ကိုနောက်တစ်ညမှ
နောက်နေ့ များမှထပ်လွမ်းတော့မယ်
ထစ်ချုန်းမိုး
သေချာမူမရှိတဲ့...ဈေးနဲ့ အရောင်းဝယ်ဖြစ်ကြပြီဆိုပါဆို့ 
လေနှင်ရာကိုနှင်သွားတဲ့စိတ်က
ဟိုဗင်းနစ်ဆိုတဲ့မြို့ ကြီးကကိုပြန်မလာတော့ဘူး
လေယူလေသိမ်းအသစ်နဲ့ 
အိုဗားမားနဲ့ စကားပြောမယ်
ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းတစ်စေ့တစ်စောင်း
ဆာဟာရတွေအရင်လို အအေးပေါ့ သွားတဲ့ကြောင်း
အာဖရိကန်တွေအသားဖွေးတဲ့အကြောင်း
ကျမ္မာရေးကမကောင်းဘူး
ချစ်သူကခွဲခွာသွားတယ်
တစ်ချားလူဆိုငါ့လိုမျိုးမနေနိင်လောက်ပါဘူးဆိုတဲ့
အင်္ဂလိပ်လူပျိုကြီးတစ်ရောက်အကြောင်း
အခန်းလွတ်ထဲပျံဝဲရင်း...ဆိုင်ပိတ်ပါပြီဆိုတဲ့စကားလေးကြားမှ
မရောက်ခဲ့တဲ့ လင့်ပန်းခြံ ကိုနောက်တစ်ညမှ
နောက်နေ့ များမှထပ်လွမ်းတော့မယ်
ထစ်ချုန်းမိုး
မိစမ်းရေသို့ လွမ်းကဗျာ
မိစမ်းရေသို့ လွမ်းကဗျာ
ဒုက္ခကိုရေလောင်းပေါင်းသင်
သမုဒယမျိုးစေ့တွေငိုတန်းဘယ်လိုအခန်းရောက်ရောက်
အလွမ်းဇတ်ဆောင်ဆုနဲ့ ငါ့ တွက်အကယ်ဒမီဆုကတော့သေချာမူ
ကျွမ်းလှပါပြီလို့ အော်ချင်းနဲ့ မျှော်ရင်းလွမ်းနေသမျှ
“ကဒ်”လို့ တော့မအော်ပါနဲ့  ထပ်လွမ်းပါရစေဦး
အပြစ်တစ်လား အချစ်တစ်ခုလား
တစ်ခုတော့ဖြစ်မယ်
လွမ်းရေကတိုက်စားတာများတော့
အိုဟောင်းသွားတဲ့နှစ်လုံးသားမြစ်ကမ်းပါးတစ်ခုကြွေကျသွား
ငါ့အလွမ်းတွေတွက် (မိစမ်းရေ)
မင်းပျော်သလိုစီးဆင်းပါ
မင်းအော်ငိုမဲ့ အထဲငါမပါသလို
တော်သလိုနေတဲ့ဘ၀မှာ နေသလိုနဲ့ တော်လိုက်ပါတော့မယ်
ပျော်သလိုသာနေပါကွယ်ဆိုတဲ့သီချင်းသံကလဲ
ငါတို့ နှစ်ယောက်တွက်အစေးမကပ်လှဘူး
မောင်ချောနွယ်ပြောတဲ့ကိုက်လမ်းငါ သစ္စာတွက်အသက်ပေးလိုက်ရတယ်ဆိုရင်
မင်းလာယူမဲ့ငါ့သက်ကို
မောင်စိန်ဝင်းရဲ့ကဗျာတစ်ပုဒ်နဲ့ ထုပ်ထားတယ်
ထစ်ချုန်းမိုး (14.2.2010)
Subscribe to:
Posts (Atom)