Wednesday, February 24, 2010
မိစမ်းရေသို့ လွမ်းကဗျာ
မိစမ်းရေသို့ လွမ်းကဗျာ
ဒုက္ခကိုရေလောင်းပေါင်းသင်
သမုဒယမျိုးစေ့တွေငိုတန်းဘယ်လိုအခန်းရောက်ရောက်
အလွမ်းဇတ်ဆောင်ဆုနဲ့ ငါ့ တွက်အကယ်ဒမီဆုကတော့သေချာမူ
ကျွမ်းလှပါပြီလို့ အော်ချင်းနဲ့ မျှော်ရင်းလွမ်းနေသမျှ
“ကဒ်”လို့ တော့မအော်ပါနဲ့  ထပ်လွမ်းပါရစေဦး
အပြစ်တစ်လား အချစ်တစ်ခုလား
တစ်ခုတော့ဖြစ်မယ်
လွမ်းရေကတိုက်စားတာများတော့
အိုဟောင်းသွားတဲ့နှစ်လုံးသားမြစ်ကမ်းပါးတစ်ခုကြွေကျသွား
ငါ့အလွမ်းတွေတွက် (မိစမ်းရေ)
မင်းပျော်သလိုစီးဆင်းပါ
မင်းအော်ငိုမဲ့ အထဲငါမပါသလို
တော်သလိုနေတဲ့ဘ၀မှာ နေသလိုနဲ့ တော်လိုက်ပါတော့မယ်
ပျော်သလိုသာနေပါကွယ်ဆိုတဲ့သီချင်းသံကလဲ
ငါတို့ နှစ်ယောက်တွက်အစေးမကပ်လှဘူး
မောင်ချောနွယ်ပြောတဲ့ကိုက်လမ်းငါ သစ္စာတွက်အသက်ပေးလိုက်ရတယ်ဆိုရင်
မင်းလာယူမဲ့ငါ့သက်ကို
မောင်စိန်ဝင်းရဲ့ကဗျာတစ်ပုဒ်နဲ့ ထုပ်ထားတယ်
ထစ်ချုန်းမိုး (14.2.2010)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment